၂ဝ၂၄ခုနှစ် လူမှုရေးကဏ္ဍလှုပ်ရှားမှု ထူးချွန်ပထမဆု ရရှိခဲ့သော မကွေးတိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့အား ထပ်ဆင့်ဂုဏ်ပြု 

မကွေး နိုဝင်ဘာ ၁၂

မကွေးတိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ (၃၄)ကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲနှင့်တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့သည့် ခရိုင်/မြို့နယ်များအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးမြို့နယ် စုပေါင်းရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင်  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်လွင်က ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းကြီး၏ (၃၄)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် တင်ပြခဲ့သည့် တိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၏ ၂၀၂၄ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ရွက်ချက်မှတ်တမ်းအား ရှင်းလင်းပြသမှုကိုကြည့်ရှုခဲ့ပြီး မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းကြီး၏ (၃၄)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး၌ မိခင်နှင့်ကလေးစောင့်ရှောက်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သဖြင့် လူမှုရေးကဏ္ဍတွင် ထူးချွန်ပထမဆုရရှိခဲ့သော မကွေးတိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့အား တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဂုဏ်ပြုဆုငွေကျပ်(၃၅)သိန်းအား ပေးအပ်ချီးမြှင့်သည်။

 ဆက်လက်၍  မကွေးတိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌက မိမိတို့ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်/မြို့နယ်များသို့ ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ လမ်းညွန်မှာကြားသည်။

ထို့နောက် တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက က မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ထုတ်ဝေသည့်မဂ္ဂဇင်းတွင် ရွှေးချယ်ခံရသည့်စာမူဆုရှင်များနှင့် တိုင်းဒေသကြီးအတွင်း တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့သည့် ခရိုင်/မြို့နယ်များအား ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ပြီး တက်ရောက်လာသည့် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌများက လုပ်ငန်း ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့အတွင်းရေးမှူး ဒေါက်တာခင်သီသီထွန်းက ရှေ့လုပ်ငန်းစဉ်များအားချပြရှင်းလင်းခြင်းနှင့်လုပ်ငန်း ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ သုံးသပ်ဖြည့်စွက်‌ဆွေးနွေးပြေားကြားခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်ဆက်)