ရေဖြူမြို့နယ်၌ မဲစာရင်းများပြည့်စုံမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲစာရင်းတွင်ပါ ရှိနိုင်ရေး ဆောင်ရွက်

ရေဖြူ နိုဝင်ဘာ ၁၂

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ်တွင် မဲစာရင်းများပြည့်စုံမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲစာရင်းတွင်ပါရှိနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်းကို နိုဝင်ဘာ ၁၀ရက် နံနက်၁၁နာရီက ရေဖြူမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အောင်သာဝတီခန်းမ၌ ကျင်းပသည်။

၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ဒုတိယအကြိမ်မဲစာရင်းကပ်ထားကြေညာရာ၌ မဲဆန္ဒရှင်စာရင်းမှန်ကန်စေရေးအတွက် ရေဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဦးဆောင်မှုဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ သက်ဆိုင်ရာပါတီကိုယ်စားလှယ်များ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများဖြင့်  မဲဆန္ဒရှင်စာရင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်နေမှုကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်လင်းနိုင်ကကြည့်ရှုစစ်ဆေးပြီး မဲဆန္ဒရှင် စာရင်းများတွင် အမည်တူ နိုင်/ကတ်မတူ၊ နိုင်/ကတ်တူ အမည်မတူ၊ မှတ်ပုံတင်နံပါတ်မှား၊ မဲစာရင်းတွင်မပါဝင်သဖြင့် ပုံစံ(၃)လျှောက်ထားရန် လိုအပ်သူများနှင့်၊ မဲစာရင်းတွင် မပါသင့်သူများပါရှိမှု မဖြစ်စေရေးစသည့် လုပ်ငန်းစဉ်များကိုအချိန်မီပြီးစီးအောင်ဆောင်ရွက်နိုင်ရေး ကြီး ကြပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ခတ္တာ(ရေဖြူ)