သရက်ချောင်းမြို့နယ်၌ စာရေး(၁)၊ စာရေး(၂) လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးမွမ်းမံသင်တန်း အမှတ်စဉ်(၂/၂၀၂၅)ဖွင့်လှစ်သင်ကြား

သရက်ချောင်း နိုဝင်ဘာ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုစာရေး(၁)၊ စာရေး(၂)ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မာရေးမွမ်းမံသင်တန်း(၂/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌‌အောင်မြင့်သိန်းက အဆိုပါသင်တန်ဖွင့်လှစ်ရသည့်ရည်ရွယ်ချက်များနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီးနောက် သက်ဆိုင်ရာ သင်တန်းနည်းပြများက ဘာသာရပ်အလိုက်သင်ခန်းစာများကို ပို့ချသင်ကြားခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊  ရပ်ကွက်/ကျေးရွာ အုပ်စုများမှ စာရေး(၁)၊ စာရေး(၂)ဝန်ထမ်းများနှင့် ဌာနဝန်ထမ်းများတက်ရောက်ကြပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များနှင့် ဦးစီးတာဝန်များ၊ ဝန်ထမ်းစည်း မျည်းစည်းကမ်းများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်နည်းဥပဒေများ၊ ဝန်ထမ်းကျင့်ဝတ်များ၊ သစ်တောဥပဒေ ညွှန်ကြားချက်နှင့်လုပ်ထုံးလုပ်နည်းများ၊ မဲစာရင်းပြုစုခြင်းဆိုင်ရာများ၊ မြေလွတ်မြေရိုင်း စီမံခန့်ခွဲမှုဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ၊ ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းစင်ရေးဆိုင်ရာများ၊ နိုင်ငံခြားသားဥပဒေနှင့်လဝက လုပ်ထုံးလုပ်နည်းများ၊ နိုင်ငံစီးပွားမြှင့်တင်ရေး

ရန်ပုံငွေထုတ်ချေးသည့်ချေးငွေဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ ယစ်မျိုးနှင့်ဓာတ်သတ္တုအမှုတွဲတည်ဆောက်ခြင်းလုပ်ထုံးလုပ်နည်းများ၊ ရေလုပ်ငန်းအကြောင်းနှင့်ရေလုပ်ငန်းလိုင်စင်သိကောင်းစရာများ၊ အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ လက်တွေ့အသုံးပြုလျက်ရှိသည့် မီးသတ်ဥပဒေဘာသာရပ်များ ရပ်ကျေးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းတာဝန်များနှင့်အခြား နည်းသုံးစွဲခွင့်လုပ်ထုံးလုပ်နည်းများ၊ ပိုးသတ်ဆေးဓာတ်မြေဩဇာဥပဒေနှင့် သီနှံအထွက်တိုး ဆောင်ရွက်ရေးနည်းလမ်းများ၊ အခြားဝန်ထမ်းရေးရာနှင့်ပတ်သက်သည့်ဘာသာရပ်များကို နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ သင်တန်းနည်းပြများက စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသတင်းရသည်။

မြို့နယ်(ပြန်/ဆက်)