ဟုမ္မလင်း နိုဝင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ယနေ့ခေတ် ကျောင်းသား၊ကျောင်းသူလူငယ်များ စာအုပ်၊စာပေများကို စိတ်၀င်စားလာစေရန်နှင့် ဖတ်ရှုအသုံးပြုလာစေရန်၊ ကျောင်းတွင်သာမက ပြင်ပအသိပညာဗဟုသတများပိုမိုရရှိလာစေရန်ရည်ရွယ်ချက်ဖြင့် အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာလ(၁၀)ရက်နေ့နှင့် (၁၁)ရက်နေ့တို့တွင် ဟုမ္မလင်းမြို့နယ်၊ စေတီဆိပ်ကျေးရွာ အ-ထ-က နှင့် နမ့်တော(အ.မ.က)တို့တွင် အသိပညာပေးပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောတွင် ဟုမ္မလင်းမြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇင်မင်းဝေက သဘာဝပတ်ကျင်းအကြောင်းသိစရာများနှင့်ပတ်သတ်၍ အသိပေးဟောပြောခဲ့ပြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဧဆက်က ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်၊ ဘက်စုံထူးချွန်သောလူရည်ချွန်၊ လူတော်လူကောင်းများဖြစ်လာစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများကြွယ်ဝစေရန် အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြသည်။
ထို့နောက် ဟုမ္မလင်းမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)