ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ မြန်မာသတင်းမီဒီယာသမားများအတွက် ၂၀၂၅ခုနှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ်ပေးအပ်ပွဲ ပြုလုပ်

ပြည် နိုဝင်ဘာ ၁၂

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ပြန်ကြားရေးကော်မတီကထုတ်ဝေသည့် မြန်မာသတင်းမီဒီယာသမားများအတွက် ၂၀၂၅ခုနှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာလမ်းညွှန်စာအုပ်ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

ဦးစွာ ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးသိုက်ထွန်းက ၂၀၂၅ခုနှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ်ပါအကြောင်းအရာများနှင့် သတင်းမီဒီယာကဏ္ဍဆိုင်ရာသိမှတ်ဖွယ်အကြောင်းများကို ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာသော ပြည်မြို့နယ်မှသတင်းမီဒီယာသမားများက သိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့ဝင်က ပြည်မြို့နယ်ရှိ သတင်းမီဒီယာသမားများအတွက် ၂၀၂၅ခုနှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာလမ်းညွှန်စာအုပ်များကိုပေးအပ်ခဲ့ပြီး အဆိုပါစာအုပ်တွင် အခန်း(၃)ခန်းပါဝင်ပြီး ပြည်တွင်း/ပြည်ပသတင်းမီဒီယာများအနေဖြင့် ရွေးကောက်ပွဲနေ့တွင် သတင်းရယူခွင့်လျှောက်ထားခြင်းနှင့် သတင်းမီဒီယာများ၏ အခွင့်အရေး/တာဝန်များအပါအဝင် ၂၀၂၅ခုနှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာလမ်းညွှန်ချက်များနှင့် သတင်းမီဒီယာဆိုင်ရာသိမှတ်ဖွယ်ရာအကြောင်းများ ဖော်ပြပါဝင်ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)