ရေတာရှည်မြို့နယ်၌ အသက်မွေးဝမ်းကြောင်းအထောက်အကူပြု ပန်းရံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရေတာရှည် နိုဝင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရေတာရှည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေသခံကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံသင်တန်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအစည်းအ‌ဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် တောင်ငူခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသက်သက်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရေတာရှည်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး‌တက်ရေးဦးစီးဌာနဦးစီးမှူး ဒေါ်ရီရီပြုံးက အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ပန်းရံသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းတွင် ပို့ချသင်ကြားပေးမည့် ပန်းရံအတတ်ပညာဆိုင်ရာ သင်ခန်းစာများကို ဂရုတစိုက် လေ့လာသင်ယူကြရန် ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းနည်းပြဦးမျိုးလှိုင်ဝင်းက သင်ကြားမှုအဆင့်ဆင့်များအား ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းတွင် သင်တန်းသား(၂၀)ဦး တက်ရောက်သင်ကြားခဲ့ပြီး (၁၂.၁၁.၂၀၂၅) ရက်နေ့မှ (၂၆.၁၁.၂၀၂၅)ရက်နေ့အထိ သင်တန်းကို(၁၅)ရက်ကြာ ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)