နတ်တလင်း နိုဝင်ဘာ ၁၂
ပဲခူတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၌ အီလက်ထရောနစ်မဲပေးစက် Installation ပြုလုပ်နည်းသင်တန်းကို နိုဝင်ဘာ ၁၁ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
သင်တန်းတွင် နတ်တလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဒေါ်မေလမင်းထွန်းမှ ထိန်းချုပ်စက်ကိုယ်ထည်ဖွင့်၍ Micro SD Card ထည့်သွင်းခြင်း၊ထိန်းချုပ်စက်ကိုယ်ထည်တွင်စတစ်ကာကပ်ခြင်း၊ ဆန္ဒပြုစက်တွင်ကိုယ်စားလှယ်လောင်း/ပါတီအမည် သင်္ကေတ အမှတ်အသားများပါဝင်သောစာရွက်နှင့်မဲပုံးတွင်စတစ်ကာကပ်ခြင်း၊မဲပေးစက်စမ်းသပ်ခြင်း၊မဲပေးစက်ထုတ်ပိုးခြင်းများအား ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသား/သင်တန်းသူများနှင့်အတူလက်တွေ့လုပ်ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါသင်တန်းသို့ နတ်တလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ရွှေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦးတို့မှ ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)