ခမောက်ကြီးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးစာဖက်ဝိုင်းနှင့် ပြိုင်ပွဲများ ဆောင်ရွက်

ခမောက်ကြီး နိုဝင်ဘာ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် မြန်မာစာ စာလုံးပေါင်းသတ်ပုံရွေးချယ်ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက အ.လ.က ယုဇနကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောင်းသား/ သူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်အားကောင်းမွန်ရေး၊ စာအုပ်/ စာပေချစ်မြတ်နိုးရေးနှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို သိရှိနားလည်နိုင်ရေး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူ ဦးဝင်းမော်ဦးက စာပေဖတ်ရှုရန်နည်းလမ်းများ၊ မိမိစိတ်ဝင်စားရာ စာအုပ်/ စာပေများရွေးချယ်ဖတ်ရှုမှု၊ တစ်ဦးချင်းအလိုက်ဖတ်ရှု့ခြင်း၊ စုပေါင်းဖတ်ရှုခြင်းတို့ဖြင့် လေ့ကျင့်ဖတ်ရှု့ခဲ့ကြောင်း သိရသည်။ ထို့နောက် အလယ်တန်းအဆင့်ကျောင်းသားကျောင်းသူများအား မြန်မာစာ စကားပုံကွက်လပ်ဖြည့်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ခြင်းသည်  ကျောင်းသား/ သူများအနေဖြင့်မြန်မာစာကိုတန်ဖိုးထားတက်စေရန်နှင့် စာအုပ်/ စာပေများကို ချစ်မြတ်နိုးလာပြီး စာဖတ်ဝါသနာရှင်များ တိုးတက်ကာ စာဖတ်ရှိန်မြှင့်တင်ရေး အလေ့အကျင့်များ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ခမောက်ကြီး(ပြန်/ဆက်)