စစ်ကိုင်း နိုဝင်ဘာ ၁၂
စစ်ကိုင်းမြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ တောင်သူများ မျိုးကောင်းမျိုးသန့်စိုက်ပျိုးရေးနှင့် သီးနှံအထွက်နှုန်း တိုးတက်ရေးနည်းပညာပေးသင်တန်းကို ယမန်နေ့မွန်လွဲပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ စစ်ကိုင်းမြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာမြင့်က သင်တန်ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးသိန်းဇော်ဦးက စိုက်ပျိုးရေးတောင်သူများ မျိုးကောင်းမျိုးသန့်များ ရရှိအောင်ဆောင်ရွက်ပေးနေမှု၊ လက်ထောက်ဦးစီးမှူး ဒေါ်သဲသဲထွေးက သီးနှံအထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်ရမည့်နည်းလမ်းများနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးပို့ချခဲ့သည်။ယခုဖွင့်လှစ်သော နည်းပညာပေးသင်တန်းသို့ စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သည့် အသင်းသားတောင်သူ (၃၀) ဦး တက်ရောက်ကြကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)