ပုသိမ် နိုဝင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့၊ အမှတ် (၉) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ (၁၄၀ ပေ × ၃၀ ပေ) RCC သုံးထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆောက်အဦအရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးတို့အတွက် လူအင်အား၊ စက်အင်အားများဖြင့် အဆိုင်းခွဲ၍ ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းအတွင်းတွင် ဖူဆယ်အားကစားရုံ (၁၅၀ ပေ × ၁၁၀ ပေ) အဆောက်အဦ ဆောက်လုပ်နေမှုအားလည်းကောင်း၊ ပုသိမ်တက္ကသိုလ်ဝန်းအတွင်း Recreation Center သံကူကွန်ကရစ်အဆောက်အဦ တည်ဆောက်နေမှုအား လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ယူဆောက်လုပ်သည့် ကုမ္ပဏီတာဝန်ရှိသူများက အဆောက်အဦဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဆောက်အဦဆောက်လုပ်ရာတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီဆောက်လုပ်ရမည့်အပြင် အဆောက်အဦအရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးကိုလည်း အလေးထားဆောင်ရွက်ရန်နှင့် မြေယာရှုခင်းလုပ်ငန်းများကိုလည်း စနစ်တကျ ဆောင်ရွက်ရန် မှာကြားခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)