စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းမှန်ကန်စေရေး လုပ် ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

မုံရွာ နိုဝင်ဘာ ၁၁

၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့်မဲဆန္ဒရှင်စာရင်းမှန်ကန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၄/၂၀၂၅)ကို နိုဝင် ဘာလ ၁၁ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။  

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၅ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)နှင့် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တို့တွင် အပိုင်း(၂)အားကျင်းပသွားမည်ဖြစ်ရာ ရွေးကောက်ပွဲများ အောင် မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများက မိမိတို့အားပေးအပ်ထားသည့် လုပ်ငန်းတာဝန် များအားကျေပွန်အောင် အစွမ်းကုန်အလေးထား ကြိုးပမ်းဆောင်ရွက်သွားကြ ရန်လိုအပ်ပါကြောင်း၊ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်းအား နိုဝင်ဘာလတွင် ဒုတိယအကြိမ် အဖြစ် ထပ်မံကပ်ထားကြေညာသွားမည်ဖြစ်သည့်အတွက် အမှန်တကယ်ပါဝင်သင့်သည့် မဲဆန္ဒရှင်စာရင်းများ ကျန်ရှိမှုမရှိစေရေး၊ မပါသင့်သည့်စာရင်းများ ပါရှိမှုမရှိစေရေးနှင့် အချက်အလက်မှားယွင်းခြင်းများမရှိစေရေး တာဝန်ရှိသူအားလုံးက အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ရွေးကော်ပွဲကျင်းပရန် (၄၅) ရက်သာလိုတော့သည့်အတွက် တိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး နှင့်မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေးအတွက်  တာဝန်ရှိသူအားလုံးက ညီညီညွတ်ညွတ် ဖြင့်ဝိုင်းဝန်းဆောင်ရွက်ကာ နိုင်ငံတော်၏ အမျိုးသားရေးတာဝန်အား ကျေပွန်စွာ ထမ်း ဆောင်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူးတို့က တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အချက် အလက်များနှင့် မဲဆန္ဒနယ်သတ်မှတ်ခြင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းမှန် ကန်မှုရှိ စေရေးအတွက် ကြိုတင်ဆောင်ရွက်နေမှုများ၊ MEVM စက်များ ဖြန့်ဝေထားရှိမှု အခြေ အနေများ၊ လူဦးရေစာရင်းဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရွေး ကောက်ပွဲကျင်းပရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်း တင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော် လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများက Video Conferencing စနစ်ဖြင့် လည်းကောင်း၊ ကန့်ဘလူခရိုင်/မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌတို့က မိမိခရိုင်များအတွင်းရှိ မြို့နယ်များအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးတို့အတွက် လုပ်ငန်းများကြိုတင်ပြင်ဆင် ဆောင်ရွက်ထား ရှိမှုအခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။    

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး၊ လုံခြုံရေးကြီးကြပ်မှုဆိုင်ရာများနှင့် MEVM မဲပေး စက်များဖြန့်ဝေထားရှိမှု အခြေအနေများ၊ မိမိတို့ဝန်ကြီးဌာနများအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြ သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။

တိုင်းဒေသကြီး၊ပြန်/ဆက်