နာဂဒေသလေရှီးမြို့၌ မိုးစပါးတစ်ဧကတင်း (၁၀၀) ထက်ရရှိရေး (စံပြကွက်) ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲဆောင်ရွက်

လေရှီး နိုဝင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်၊ ဒိန်းဂလိန်းကျေးရွာ အုပ်စု၊ ရေဒေါင်ကျေးရွာ၊ တောင်သူ ဦးယားပေါ့၏လယ်  ကွင်းအမှတ်(OSS-3)၊ ဦးပိုင်အမှတ်-၇၀ တွင် စိုက်ပျိုးထားသော မိုးစပါး တစ်ဧကတင်း(၁၀၀)ထက်ရရှိရေး (စံပြကွက်) ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို နိုဝင်ဘာလ ၈ ရက်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

မြို့နယ် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးဝင်းမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းဝေနှင့်ဝန်ထမ်းများ၊ တောင်သူများ စုစုပေါင်း အင်အား(၄၆)ဦး သွား‌ရောက်ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမောင်က တက်ရောက်လာသော တောင်သူများအား တောင်သူအသိပညာပေးလက်ကမ်းစာစောင်များ ပေးအပ်ခဲ့ပြီး မြို့နယ်စိုက်ပျိူးရေးဦးစီးမှူး ဦးထွန်းဝေကရေဆင်းစပ်မျိုး-၁ နေကြာမျိုးများအား  ပေးအပ်ခဲ့သည်။ စိုက်ပျိုးထား‌သော မိုးစပါး (စိမ်းဧကရီ-၃) ကို ရိတ်သိမ်းရာ အထွက်နှုန်းမှာ (အစိုထွက်) တင်း (၁၂၅)တင်း ထွက်ရှိကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၏ပြောကြားချက်အရ သိရသည်။

မြို့နယ်(ပြန်/ဆက်)