ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ဆေးရုံတက်ကုသမှုခံယူနေသည့် တပ်မတော်သားများနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များအား အာဟာရဖြည့်စွက်စာနှင့် ချီးမြှင့်ငွေများပေးအပ်

လွိုင်ကော် နိုဝင်ဘာ  ၁၁

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့၊ နယ်မြေခံ ခုတင်(၁၀၀) တပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေသည့် တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များသို့အာဟာရဖြည့်စွက်စာနှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ဒေသကွပ်ကဲရေးမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် လွိုင်ကော်မြို့၊ နယ်မြေခံ ခုတင်(၁၀၀) တပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေသည့် တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များသို့ အာဟာရဖြည့်စွက်စာများနှင့် ချီးမြှင့်ငွေများပေးအပ်ပြီး ဆေးကုသမှုခံယူလျက်ရှိသည့် တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ တစ်ဦးချင်းစီကို ရင်းရင်းနှီးနှီးအားပေးစကားများပြောကြားခဲ့ပြီး လှူဒါန်းငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)