နန်းယွန်း နိုဝင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနန်းယွန်းမြို့တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး ကျင်းပသော ၂၀၂၅-၂၀၂၆ ခုနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေးစီမံချက်ဖြင့် မျိုးစေ့၊ ပျိုးပင်များထောက်ပံ့ပေးအပ်ပွဲနှင့် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီအချိန်က မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်(၄)ဦးကေနုတ်က အဖွင့်အမှာစကားပြောကြာပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဦးမျိုးမြင့်ကမျိုးစေ့ပျိုး ပင်များထောက်ပံ့ပေးအပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းသည်။ ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး၊ ရဲမှူးခင်မောင်ထွေးနှင့် တာဝန်ရှိသူများ ပျိုးပင်များ၊ မျိုးစေ့များကို မြို့ပေါ်မြို့ပေါ် (၃)ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူများထံအသီးသီးပေးအပ်ခဲ့သည်။
အဆိုပါ သီးနှံမျိုးစေ့ ပျိုးပင် ထောက်ပံ့ပေးအပ်ရာတွင်မိုးစပါး (၃၅)တင်း၊ အစေ့ထုတ်ပြောင်း (၄၀)ကီလို၊ ဟင်သီးဟင်းရွက် မျိုးစုံ(၃၀၀၀)ထုတ်နှင့် လဖက် (၂၀၀၀)ပင်၊ ထောပတ်(၅၀၀)ပင်၊ ကော်ဖီ(၄၀၀၀)ပင်၊ လိမ္မော်(၁၀၀)ပင် တို့ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တောင်သူများအား အသိပညာပေးသင်တန်းအနေဖြင့် နှစ်ရှည်ပင်သီးနှံစိုက်ပျိုးနည်းစနစ် ပညာပေး သင်တန်းကို စတင်ရာ သင်တန်းကို မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများက တောင်သူများအား လက်တွေ့သရုပ်ပြ ပညာပေးပို့ချသည်။ ယင်းသင်တန်းသို့ မြို့နယ်စီမံန်ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအာကာတင်ဦး တက်ရောက်ကာ တောင်သူများအား ပညာပေးအမှာစကားပြော ကြားခဲ့ကြောင်းသိရသည်။
ထိုစိုက်ပျိုးရေးနည်းပညာပေးသင်တန်းတွင်တက်ရောက်လာသည့် သင်တန်းသား/သင်တန်းသူနှင့် စိုက်ပျိုးရေးဝါသနာရှင် တောင်သူများ(၆၀) ဦးခန့်တက်ရောက်ကာ အပြန်အလှန်ဆွေးကြရာ လိုအပ်သည်များ တာဝန်ရှိသူတို့က ဖြည့်စွက်ဆွေး ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးရေးကော်မတီ၊ အတွင်းရေးမှူး၊ ရဲမှူးခင်မောင်ထွေးနှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘာမန်မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့ များနှင့်တောင်သူများတက်ရောက်ခဲ့ကြောင်းသိရသည်။
ဟန်ကမ်း(ပြန်/ဆက်)