မြိတ်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ

မြိတ် နိုဝင်ဘာ ၁၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဝါခိုင်က အမျိုးသားနေ့ဖြစ်ပေါ်လာပုံနှင့် အမျိုးသားရေးစိတ်ဓာတ်အကြောင်းကို ကျောင်းသား/သူများအား အသိပညာပေးဟောပြောခဲ့ပြီး ဉာဏ်စမ်းပြိုင်ပွဲ၊ သတ်ပုံမှား/မှန်ရွေးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ များ ပြုလုပ်ရာ ကျောင်းသား/သူများက ပျော်ရွင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲများတွင် ဆုရရှိကြသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ ကျောင်းသား/သူများက အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်  နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ကြည့်ရှုအားပေးကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)