စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး  

မုံရွာ နိုဝင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးနှင့် မြန်မာတရုတ်ကုမ္ပဏီများအသင်းတို့ ပူးပေါင်းလှူဒါန်း၍ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးအသင်းမှ ကူညီဆောင်ရွက်သည့် စစ်ကိုင်းမြို့ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံ အလျား ပေ ၁၀၀ ၊ အနံ ပေ ၁၀၀ ၊ Steel Structure တစ်ထပ် ဈေးရုံသစ်တည်ဆောက်နေမှုအားကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းမီအရည်အသွေးကောင်းမွန်စွာဖြင့် တည်ဆောက်ပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် အချိန်မီပြီးစီးရေးတို့အား တာဝန်ရှိသူများကို မှာကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ မြို့မဈေးကြီး နှစ်ထပ်ဈေးရုံတစ်ရုံ၊ တစ်ထပ်ဈေးရုံသုံးရုံ အဆင့်မြှင့်တင်ပြန်လည်ပြုပြင်တည်ဆောက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ ရွှေမင်း ဝံရပ်ကွက်၊ လမ်းအမှတ် (၁၁) လမ်းအရှည် ပေ ၂၅၀၀ ၊ အကျယ် ပေ ၁၈ လမ်းအကျယ်ချဲ့၍ ကတ္တရာလမ်းခင်းကျင်းနေမှုနှင့် ပိုးတန်းရပ်ကွက်၊ ရွှေညောင်ပင်လမ်း လမ်းအရှည် ပေ ၁၀၅၀ ၊ အကျယ် - ၁၆ ပေ လမ်းအကျယ်ချဲ့၍ ကတ္တရာလမ်းခင်းကျင်းနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ ခုတင် ၃၀၀ ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးဝန်းအတွင်းရှိ ဆေးသိုလှောင်ရုံ RC တစ်ထပ် အဆောက်အဦသစ် တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများအား အရည်အသွေးကောင်းမွန်စွာဖြင့် တည်ဆောက်ပြီးစီးရေးနှင့်အချိန်မီပြီးစီးရေးတို့အား တာဝန်ရှိသူများကိုမှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ မြို့မရဲစခန်းရှိ ဓမ္မာရုံ ပြန်လည်ပြုပြင်တည်ဆောက် နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ ပြန်/ဆက်