ကော့ကရိတ် နိုဝင်ဘာ ၉
၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိပြည်သူများ မဲပေးနိုင်ရေး၊ မဲစာရင်းပြည့်စုံမှန်ကန်စေရေးအတွက် ပြန်လည်စိစစ် စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁ဝ နာရီက ကော့ကရိတ်မြို့ အမှတ်(၃)ရပ်ကွက် ပန်းခြံလမ်းရှိ မိုးလုံလေလုံအားကစားရုံ၌ ယာယီဖွင့်လှစ်ထားသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ မဲဆန္ဒရှင်စာရင်းများပြန်လည်စိစစ်ဆောင်ရွက်ရာတွင် ကော့ကရိတ်မြို့ပေါ်အမှတ်(၁)၊(၂)၊(၃)၊(၄) ရပ်ကွက်များ၏ မဲစာရင်းများမှန်ကန်စေရေးအတွက် ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲခွဲနှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲနှင့်အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်တို့ပါဝင်သော စိစစ်ရေးအဖွဲ့တို့မှ မဲစာရင်းပြည့်စုံမှန်ကန်စေရေး၊ မဲဆန္ဒရှင်စာရင်းများ ကျန်ရှိမှုမဖြစ်ပေါ်စေရေးအတွက် ပေါင်းစပ်ညှိနှိုင်း၍ စိစစ်ဆောင်ရွက်ခဲ့ကြသည်။
အလားတူ ကေ့ာကရိတ်မြို့နယ် ကျုံဒိုးမြို့တွင်လည်း မဲစာရင်းများစိစစ်ခြင်းကို ကျုံဒိုးမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ဆောင်ရွက်ခဲ့ကြပြီး ကျန်ရှိသည့် ရပ်ကွက်/ကျေးရွာများ၏ မဲဆန္ဒရှင်စာရင်းများ ပြန်လည်စိစစ်စစ်ဆေးခြင်းကို ဆက်လက်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)