ပွင့်ဖြူမြို့နယ် စံပြကျေးရွာ၌ RBF စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

ပွင့်ဖြူ နိုဝင်ဘာ ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သရက်အုပ်ကျေးရွာအုပ်စု၊ စံပြကျေးရွာတွင် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းစီမံကိန်း (RBF) လုပ်ငန်းများ ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်လှကြူနွဲ့နှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက စံပြကျေးရွာတွင် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းစီမံကိန်း (RBF) ဖြင့် ဆောင်ရွက်သော သိုးမွေးမြူရေးနှင့် ထိန်စမ်းဆိတ် မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လအလိုက် ဖြည့်သွင်းရမည့် စာရင်းဇယားများ ပြည့်စုံမှန်ကန်မှု ရှိ ၊ မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းစီမံကိန်း (RBF) ဖြင့် သိုးမွေးမြူရေးနှင့် ထိန်စမ်းဆိတ်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသည့် အသက်မွေးဝမ်းကျောင်းအဖွဲ့ (၄) ဖွဲ့မှ အဖွဲ့ဝင်များကို တွေ့ဆုံကာ လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စံပြကျေးရွာ၌ သိုးမွေးမြူရေးလုပ်ငန်းနှင့် ထိန်စမ်းဆိတ်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသည့် အသက်မွေးဝမ်းကျောင်းအဖွဲ့ (၄) ဖွဲ့မှ အဖွဲ့ဝင်ဦးရေ ၂၀ ဦးကို ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းစီမံကိန်း (RBF) ရန်ပုံငွေ ကျပ်သန်း ၃၀ ကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးထားကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)