ကော့သောင်းမြို့၌ မုန်တိုင်းဘေးအန္တရာယ်‌ ကြိုတင်ကာကွယ်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အသိပညာပေး ဆော်ဩ

ကော့သောင်း နိုဝင်ဘာ ၆

တနင်္သာရီတိုင်းဒေသကြီး၊‌‌ ကော့‌သောင်းခရိုင်၊‌ ကော့သောင်းမြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အသိပညာပေးနှိုးဆော်ချက်များ လိုက်လံဆော်ဩခြင်းကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အောင်သုခရပ်ကွက်၊ သဲတန်းဈေး၊ ပိတောက်ရွှေဝါရပ်ကွက်၊ အဝိုင်းပတ်နှင့်အဏ္ဏဝါရပ်ကွက် စည်ပင်သာယာဈေးရှေ့တို့တွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့အသိပညာပေးနှိုးဆော်ရာတွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဦးစီးအရာရှိတို့က မုန်တိုင်းအတွက် ကြိုတင်ကာကွယ်ပြင်ဆင်ရန်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ် လိုက်နာရမည့်အချက်နှင့် ရှောင်ရှားရမည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန် ပြုလုပ်ရန်အချက်များနှင့် ရှောင်ရှားရမည့်အချက်များ စသည့်အကြောင်းအရာများကို လိုက်လံဆော်ဩခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)