တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးများ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပေးစက်များအား ကြည့်ရှုစစ်ဆေး

ထားဝယ်    နိုဝင်ဘာ ၅

တနင်္သာရီတိုင်းဒေသကြီး မြန်မာအီလက်ထရောနစ်မဲပေးစက်များကြီးကြပ်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသက်နိုင်တို့သည် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ထားဝယ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်များအား ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီးဝန်ကြီးများက ရွေးကောက်ပွဲကာလမတိုင်မီ ထိန်းသိမ်းထားရှိသောမဲပေးစက်များနှင့်စပ်လျဉ်း၍ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုမရှိစေရေးနှင့် ရွေးကောက်ပွဲ၌အဆင်သင့်အသုံးပြုနိုင်ရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်နှင့် မဲပေးစက်များဘက်ထရီအားသွင်းခြင်းကိစ္စများ အမြဲမပြတ်စစ်ဆေးဆောင်ရွက်သွားရန်လိုအပ်ကြောင်း တာဝန်ရှိသူများအားလမ်းညွှန်မှာကြားသည်။

ထို့နောက်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးက ထိန်းသိမ်းထားရှိမှုနှင့်အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိသည့်အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးများက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်း ရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)