ဟုမ္မလင်း နိုဝင်ဘာ ၃
ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးအောင်နိုင်တိုး (၆၆×၆၆) ပတ်လည် စံကွက်ရိတ်သိမ်းကွင်း သရုပ်ပြပွဲကို နိုဝင်ဘာ(၃)ရက်နေ့ နံနက် (၈)နာရီခွဲအချိန်က ဟုမ္မလင်းမြို့နယ်၊ နားနုံးကျေးရွာ တောင်သူ ဦးအောင်စိုးလွင်၊ ကွင်းအမှတ်၊ (၆၂)၊ ဦးပိုင်အမှတ် (၇၃)နားနုံးပါ မလုံလယ်ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟုမ္မလင်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်က အဖွင့်အမှားစကားပြောကြားပြီး ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေးက မိုးစပါး အောင်နိုင်တိုး(၆၆×၆၆)ပတ်လည်စံကွက်ရိတ်သိမ်းရခြင်း၏ ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တောင်သူဦးအောင်စိုးလွင်၏ မိုးစပါးအောင်နိုင်တိုး စိုက်ခင်း၏ (၀.၁၀)ဧကအား စံကွက်ရိတ်သိမ်းပြီး ခြွေ့လှေစက်ဖြင့် ခြွေ့လှေရာ စံကွက်အထွက် (၁၄)တင်း၊ တစ်ဧက အထွက်နှုန်း အစိုတင်း(၁၄၀)တင်းထွက်ထွက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါစံကွက်ရိတ်သိမ်းသရုပ်ပြပွဲသို့ ဟုမ္မလင်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ဒေသခံ တောင်သူများ စုစုပေါင်း(၆၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)