ကျောက်ကြီး နိုဝင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဦးဆောင်စီမံမှုဖြင့် (၃၀) ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန် ပဒေသာပင်များ ရေစက်ချဆပ်ကပ် လှူဒါန်းပွဲအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဖွင့်လှစ်ပြီး ကုန်းကျောင်းပရိယတ္တိစာသင်တိုက် မြို့နယ်သံဃာ့နာယက ဆရာတော်ထံမှ ငါးပါးသီလဆောက်တည်ခြင်း၊ ကျောက်ကြီး မြို့နယ်အုပ်ချုပ်ရေးမှူးက သာသနာရေးဆိုင်ရာများ လျှောက်ထားခြင်း၊ ကထိန်သင်္ကန်းဆပ်ကပ်ခြင်းနှင့် ညှပ်မကြီးပဒေသာပင်နှင့် ဌာနဆိုင်ရာပဒေသာပင်များအား မဲဖောက်၍ လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ကုန်းကျောင်းပရိယတ္တိစာသင်တိုက် မြို့နယ်သံဃာ့နာယက ဆရာတော်မှ တရားချီးမြှင့်ခြင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေလှူဒါန်းမှုပြုပြီး ပဒေသာပင်များအား ကျောက်ကြီးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၁၈)ကျောင်းရှိ ဆရာတော် သံဃာတော်အရှင်သူမြတ်များအား ကျောင်းတိုက်အလိုက် ဆပ်ကပ်လှူဒါန်းမှုပြုပြီး အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ်ရွတ်ဆို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့နယ်လုံးကျွတ် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲအား (၃၀)ကြိမ်မြောက် ကျင်းပခဲ့ခြင်းဖြစ်ပြီး ပဒေသာပင်စုစုပေါင်း(၁၈)ခု ပစ္စည်းတန်ဖိုးနှင့် လှူဒါန်းငွေစုစုပေါင်း ကျပ် (၁၃၄၄၅၄၅၀) ရရှိခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်