ကန့်ဘလူမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး သတိပေးဆိုင်းဘုတ်များ လိုက်လံချိတ်ဆွဲ

ကန့်ဘလူ နိုဝင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် တန်ဆောင်တိုင်ကာလအတွင်း မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးမိုးကျော်သူ ဦးဆောင်ကြီးကြပ် မှုဖြင့် မြို့မမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက မီးဘေးကြိုတင်ကာကွယ်ရေး သတိပေးဆိုင်းဘုတ်များကို ယနေ့နံနက် ၉ နာရီက လိုက်လံချိတ်ဆွဲခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရပ်ကွက်နေပြည်သူများ နေ့စဥ်အသုံးပြုလျက်ရှိသည့် ထင်းမီး၊ လျှပ်စစ်မီး၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးခွေနှင့် အမွှေးတိုင်များ ထွန်းညှိအသုံးပြုပါက လိုက်နာရမည့်အချက်များ၊ ဆောင်ရန်၊ ရှောင်ရန် သတိပေးသည့် မီးသတ်ကျင့်ဝတ်စာအုပ်ပါ ဆောင်ပုဒ်များအား မြို့တော်ခန်းမရှေ့ ဗိုလ်ချုပ်လမ်းမတစ်လျှောက်ရှိ လျှပ်စစ်ဓာတ်တိုင်များတွင် လိုက်လံချိတ်ဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)