ငရုတ်ကောင်း နိုဝင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ရှိ ဓမ္မဝိဟာရဘုန်းတော်ကြီးကျောင်းမှ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာမီးအလှများဖြင့် လှည့်လည်ပွဲကို ယမန်နေ့ညပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
မဟာဘုံကထိန် အလှူတော်မင်္ဂလာလှည့်လည်ပွဲကျင်းပြုလုပ်ရာတွင် ကျောင်းသား၊ ကျောင်းသူ များ၊ အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် ငွေပဒေသာပင်များကို ကိုင်ဆောင်၍ အိုးစည်၊ ဒိုးပတ်အကအခုံများ၊ ကျောင်းသား၊ ကျောင်းသူလေးများနှင့် အလှူရှင်များမှမီးအလှများ ကိုင်ဆောင်ကာ မြို့ပေါ်ရပ်ကွက်အတွင်းသို့ စည်ကားသိုက်မြိုက်စွာ လှည့်လည်ပူဇော်၍ ဓမ္မဝိဟာရကျောင်းတိုက်သို့ ပို့ဆောင်လှူဒါန်းခဲ့သည်။
ထို့နောက်ဓမ္မဝိဟာရကျောင်းတိုက်တွင် အကပဒေသာများဆင်နွှဲပြီးတန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော်ကိုစည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ပွဲတော် လာရောက်လည်ပတ်ကြသူ ပြည်သူများဖြင့် အထူးပင်စည်ကားလျက်ရှိကြောင်းသိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)