လပွတ္တာ နိုဝင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် (၃)မိုင်မြို့သစ်ရှိ နယူးရွှေတာဖူဆယ် ဘောလုံးကွင်းတွင် ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်က (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဌာနနှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲဆုပေးပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
ထိုအခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး အောင်ဖုန်းဟန်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲဝင်အသင်းသားများ တက်ရောက်ကြရာ (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဌာနနှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပပေးလျက်ရှိရာ ပြိုင်ပွဲဝင်အသင်းများက ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသည့် အသင်းများကို တာဝန်ရှိသူများက ဒိုင်းဆုဖလားနှင့် ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)