မြိတ် နိုဝင်ဘာ ၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးရေး၊ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် သတိပေးနှိုးဆော်ခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ ရေပုန်းရပ်ကွက် ငြိမ်းချမ်းရေးရပ်တွင် တစ်အိမ်တက်ဆင်း မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် နေအိမ်များ၌ မီးသုံးစွဲမှုများ စနစ်တကျဆောင်ရွက်ကြရန်နှင့် မီးအသုံးပြုစဉ် လူစောင့်ရှိရေး၊ လျှပ်စစ်မီးများ စနစ်တကျအသုံးပြုရေး၊ နေအိမ်တွင် လူမရှိချိန်၌ မိန်းခလုပ်များချထားရေး၊ မီးလောင်မှုဖြစ်ပွားပါက မိမိအိမ်ရှိ မီးငြှိမ်းသတ်နိုင်သော ပစ္စည်းများဖြင့် ကနဦးမီးငြှိမ်းသတ်ပြီး မီးသတ်ဦးစီးဌာန သို့ အချိန်မီအကြောင်းကြားကြရန် အသိပညာပေး၍ ပညာပေးလက်ကမ်းစာစောင်ဝေငှပြီး အရေးပေါ်ဖုန်းနံပတ်ပါသော မီးသတိပြုစာတမ်းပါ ကြော်ငြာစာရွက်ကို နေအိမ်အဆောက်အဦများတွင် ပညာပေးကပ်ပေးကြသည်။
ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေးစစ်ဆေးပညာပေးခြင်းကို မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်ဇော်အောင်၊ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများဖြင့် စစ်ဆေးခဲ့ကြကာ တန်ဆောင်ကာလ မီးဘေးလုံခြုံရေး အထူးဂရုပြုဆောင်ရွက်ကြရန် ပညာပေးခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)