ထားဝယ်မြို့အတွင်း (၁၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပဒေသာပင် စည်ကားသိုက်မြိုက်စွာဖြင့် လှည့်လည်ပူဇော်

ထားဝယ်   နိုဝင်ဘာ ၂

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၁၃၈၇ခုနှစ်၊ (၁၅)ကြိမ်မြောက်စုပေါင်း မဟာဘုံကထိန်ပဒေသာပင် လှည့်လည်ပူဇော်ပွဲကိုယနေ့နံနက်ပိုင်က ထားဝယ်မြို့အတွင်းစည်ကား သိုက်မြိုက်စွာဖြင့် လှည့်လည်ပူဇော်ခံရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေး တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။

ထို့သို့ပူဇော်ခံရာ၌ဌာနဆိုင်ရာအရာထမ်း၊ အမူထမ်းများ လိုက်ပါ၍ကား(၈၁)စီးဖြင့် စုရပ်ဖြစ်သော ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်မှ တဆင့် လေယာဉ်ကွင်းလမ်းအတိုင်း ဗိုလ်ချုပ်ကြေးရုပ်အထိ၊  အာဇာနည်လမ်းအတိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့၊ဗိုလ်ချုပ်လမ်း၊ ကမြောကင်းလမ်း၊ အမှတ် (၄)လမ်း၊ ဆင်ဆိပ်လမ်း၊ မီးသတ်လမ်းဆုံ၊ မြို့ပတ်လမ်းအတိုင်း သာသနာ့ဗိမာန်တော်အထိအတီး အမှုတ်အကအခုန်များဖြင့် ပဒေသာပင်များအားစီတန်းလှည့်လည်ပူဇော်ခံသည်။

ပဒေသာပင်များအား သာသနာ့ဗိမာန်တော်တွင်ပူဇော်ခံထားရှိမှာဖြစ်ကြောင်းနှင့် (၁၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော် အခမ်းအနားကို နိုဝင်ဘာ ၃ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်းသိရပြီး ပဒေသာပင်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ဒေသခံပြည်သူများ၊ စေတနာရှင်၊ အလှူရှင်များ၏ပဒေသာပင်ငွေ (၉၃,၅၆၅,၅၀၀)ကျပ်၊ ပစ္စည်းတန်ဖိုး(၃၄,၂၂၄,၈၀၀)ကျပ်၊ စုစုပေါင်း (၁၂၇,၇၉၀,၃၀၀)ကျပ်၊ ပဒေသာပင်(၁၃၂)ပင် ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)