ကလိန်အောင်မြို့တွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

ကလိန်အောင် နိုဝင်ဘာ ၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မြို့မဘောလုံးကွင်း၌ ယမန်နေ့ ညနေ ၃ နာရီက ကလိန်အောင်မြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ စုပေါင်း၍ အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ပြိုင်ပွဲ၀င်အားကစားအသင်းများမှ ကွင်းအတွင်းနေရာယူခြင်းနှင့် နိုင်ငံတော်အလံအား အလေးပြုခြင်းများ ဆောင်ရွက်ခဲ့ပြီး အားကစားသစ္စာ အဓိဋ္ဌာန်(၄)ချက် ရွတ်ဆိုခြင်းကို ဆောင်ရွက်ကြသည်။

အခမ်းအနားတွင် ပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ကိုယ်စား ဦးဝင်းဇော်မှ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးဖလားဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်ရပေးခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲဝင်မည့် ကစားသမားများအား ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းချက်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ဘောလုံးပြိုင်ပွဲကိုကျင်းပရာ TNRP အသင်းနှင့် OLD STAR ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ TNRP အသင်းမှ (၂) ဂိုး၊ (၀)ဖြင့် အနိုင်ရရှိသွားသည် ဘောလုံးပြိုင်ပွဲတွင် ရပ်ကွက်/ကျေးရွာ အသင်း(၁၂)သင်းနှင့် အုပ်စု(၂)စုဖြင့် ပါဝင်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်သည်။

အဆိုပါ ဘောလုံးပြိုင်ပွဲ အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကော်မတီဝင်များ၊ ဖိတ်ကြားထား‌သော ဧည့်သည်တော်များ၊ အာကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ကလိန်အောင်(ပြန်/ဆက်)