ပေါက်ခေါင်း နိုဝင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် စပါးသီးနှံပန်းတိုင် အထွက်နှုန်းရရှိရေး အထွက်နှုန်းကွာခြားချက်များကို ဆန်းစစ်လေ့လာခြင်း ဆင့်ပွားသင်တန်း ပြန်လည်ပို့ချခြင်းကို ပေါက်ခေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးရုံး၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန ပေါက်ခေါင်းမြို့နယ်ဦးစီးမှူးက သင်တန်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဦးစီးမှူးက သင်တန်းအတွေ့အကြုံများ၊ စပါးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အထွက်နှုန်းကွာခြားချက်များကို ဆန်းစစ်လေ့လာခြင်းနှင့် စပါးစိုက်တောင်သူများအတွက် ပန်းတိုင်အထွက်နှုန်းကိုဦးတည်သော စပါးအထွက်နှုန်း ကွာဟချက်များ ဆန်းစစ်လေ့လာခြင်းသုတေသန၏ စစ်တမ်းမေးခွန်းလွှာဖြည့်စွက်နည်းအား ပြန်လည်မျှဝေ ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါ ဆင့်ပွားသင်တန်းကို ဒေသအတွင်းသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် တောင်သူဝင်ငွေတိုးပြီး လူမှုစီးပွားဘဝပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)