ကျောက်ကြီး နိုဝင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏စီမံမှုဖြင့် သိန်တန်းရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်တုအဝိုင်းတွင် စုရပ်ပြုလုပ်ကာ(၃၀) ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန် ပဒေသာပင်များ စီတန်းလှည့်လည်ပွဲကျင်းပပြုလုပ်ခဲ့သည်။
(၃၀) ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ စီမံမှုဖြင့်ကျောက်ကြီးမြို့ပေါ်(၇)ရပ်ကွက်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာရုံးများမှ ပဒေသာပင်များအား မော်တော်ယာဉ်များဖြင့်တင်ဆောင်၍ အခြေခံပညာကျောင်းများမှ ကျောင်းသားများ၊ ဒိုးပတ်ဝိုင်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများက ကျောက်ကြီးမြို့ပေါ် ရပ်ကွက်များသို့ လှည့်လည်အလှူခံကြပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် နိုဝင်ဘာ ၃ ရက်နေ့တွင် ပဒေသာပင်များအား ကျောက်ကြီးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၁၈)ကျောင်းရှိ ဆရာတော် သံဃာတော်အရှင်သူမြတ်များအား ကျောင်းတိုက်အလိုက် ရေစက်ချလှူဒါန်းမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)