စစ်ကိုင်း နိုဝင်ဘာ ၂
စစ်ကိုင်းပညာရေးတက္ကသိုလ်မှ ပုဂ္ဂလိက ဆရာအတက်ပညာ ရက်တိုသင်တန်း အမှတ်စဉ်(၂) ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းက မန္တလေးတက္ကသိုလ်ရှိ ဘက်စုံသုံးခန်းမတွင် ကျင်းပရာ စစ်ကိုင်းပညာရေးတက္ကသိုလ် ခေတ္တ ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ မန္တလေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် စစ်ကိုင်းပညာရေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်းက အဖွင့်အမှာစကားပြောကြာခဲ့သည်။
အဆိုပါသင်တန်းသို့ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများမှ အထက်တန်းဆင့်သင် ဆရာ၊ ဆရာမများ၊ နိုင်ငံတကာသင်ရိုးသင်ကျောင်းများမှ ဆရာ၊ ဆရာမများ တက်ရောက်ကြကြောင်းသိရသည်။
နေလင်းအောင်(ပြန်/ဆက်)