ရေစကြိုမြို့နယ်တွင် (၃၆)ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် ကပ်လှူခြင်း အခမ်းအနားကျင်းပ

ရေစကြို နိုဝင်ဘာ ၂

ရေစကြိုမြို့နယ်တွင် (၃၆)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ကပ်လှူခြင်း အခမ်းအနားကို နိုဝင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ဥပဋ္ဌာကအဖွဲ့၊ ရေစကြိုမြို့ရှိ စေတနာရှင် ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ စုပေါင်းပြီး ရေစကြိုမြို့၊ ရွှေဂူကြီးဗိမာန်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုပြီး အရှေ့မြို့သာကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တနန္ဒဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ပြီးနောက် ကထိန်လျာ ဉာတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်း စုစုပေါင်းတန်ဖိုး ငွေကျပ်  ၉,၅၄၀,၀၀၀ ကို ဆရာတော် အရှင်သူမြတ် ဘဒ္ဒန္တနန္ဒဝံသထံ ဆပ်ကပ်လှူဒါန်းကာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးသိန်းဝင်းက သာသနာတော်ဆိုင်ရာများ လျှောက်ထားခဲ့သည်။

ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ပင့်သံဃာ(၁၉)ပါးအား ကထိန်သင်္ကန်းတစ်စုံစီနှင့် ဝတ္ထုငွေကျပ် တစ်သိန်းစီ ဆက်ကပ်လှူဒါန်းပြီး ရေစကြိုမြို့၊ အရှေ့မြို့သာကျောင်းတိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တနန္ဒဝံသထံမှ ကထိန်အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချခဲ့ကြောင်းသိရသည်။

ဝေဇင်မို့(ရေစကြို)