သာယာဝတီမြို့နယ် ရန်ကုန်ပြည်လမ်း - မကျီးကွင်းလမ်းပိုင်း ကျောက်ချောခင်းခြင်းလုပ်ငန်းဆောင်ရွက်

သာယာဝတီ   နိုဝင်ဘာ ၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ပဲခူးတိုင်းဒေသကြီးတာဝန်ခံ၊ အင်ဂျင်နီယာချုပ် ဦးထွန်းဝေသည် သာယာဝတီခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသန်းမြတ်စိုး၊ သာယာဝတီမြို့နယ်မှ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်ဝင်းဝင်းချိုတို့နှင့်အတူ အောက်တိုဘာ ၃၀ ရက်က သာယာဝတီမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် Myint & Co Engineering ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည့် ရန်ကုန်ပြည်လမ်း - မကျီးကွင်းလမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး၍ လမ်းတာချဲ့ရာတွင် သတ်မှတ်အကျယ်ရရှိအောင်ဆောင်ရွက်ရန်၊ Sheet footroller သုံးရန်နှင့် သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာဖြင့် ပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

အောင်ဝတီ (သာယာဝတီ)