သာယာဝတီ နိုဝင်ဘာ ၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်း/ ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် နိုဝင်ဘာ ၁ ရက်က သာယာဝတီခရိုင် သာယာဝတီမြို့နယ် ဥစားဘဲမွေးမြူထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊ ကျွန်းကုန်းအုပ်စု၊ ရန်ကုန်-ပြည်ကားလမ်းဘေး၊ မိုင်တိုင်အမှတ် ၈၅/၃၊ ကွင်းအမှတ် ၁၂၀၀ ရှိ စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်း လီမီတက်၏ပိုင်ရှင် ဦးထွန်းထွန်းဝင်း၏ ဥစားဘဲအကောင်ရေ (၅၀၀၀)ကောင် မွေးမြူထားရှိသည့် နေရာအား ကြည့်ရှုစစ်ဆေးရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး ဒေါက်တာအေးမင်းဇော်မှ ဥစားဘဲမွေးမြူထားရှိမှုအား ရှင်းလင်းတင်ပြရာ ဦးမျိုးဆွေဝင်းမှ လိုအပ်သည်များ ညွှန်ကြားခဲ့ပြီး ရန်ကုန်-ပြည်ကားလမ်းဘေး၊ မိုင်တိုင်အမှတ် ၈၄/၂ နှင့် ၈၄/၃ ကြားရှိ ကွင်းအမှတ် ၁၂၀၁ ပိုင်ရှင် ဦးအောင်မျိုးဦး၏ (ပေါ်ဆန်၄)မျိုး (၄) ဧက စိုက်ခင်းသို့ ကြည့်ရှုစစ်ဆေးရာ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်အေးအေးခိုင်မှ ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များ ညွှန်ကြားခဲ့သည်။
ယင်းနောက် သာယာဝတီမြို့၊ ရေဝေရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းဘေး၊ မိုင်တိုင်အမှတ် ၇၉/၃နှင့် ၇၉/၄ ကြားရှိ ဦးမြင့်ထွေး လယ်ယာသုံးစက်ပစ္စည်းအလုပ်ရုံသို့ ဆက်လက်ကြည့်ရှုစစ်ဆေးရာ ဦးမြင့်ထွေးမှ လယ်ယာသုံးပစ္စည်းများနှင့်ပတ်သတ်၍ ရှင်းလင်းတင်ပြရာ ဦးမျိုးဆွေဝင်းမှ လုပ်ဆောင်ချက်ကောင်းမွန်ကြောင်း ညွှန်ကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)