ကော့သောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက မဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းမကျန်ရှိစေရေးကွင်းဆင်း ဆောင်ရွက်

ကော့သောင်း နိုဝင်ဘာ ၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကော့သောင်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနမှ တာဝန်ရှိသူများက မဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းမကျန်ရှိစေရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်၊ ၁၀ မိုင်ကျေးရွာအုပ်စု၊ ရွာလယ်ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကော့သောင်းမြို့နယ်ဦးစီးမှူး ဦးချမ်းမြေ့ဇေဦးနှင့် တာဝန်ရှိသူများသည် ရပ်/ကျေး မြေပြင်ကော်မတီ (working group) အုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာ‌ရေး၊ ရွာတာဝန်ခံများနှင့်တွေ့ဆုံ၍ မဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းမကျန်ရှိစေရေးအတွက် အိမ်ထောင်စုဇယားနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ လာရောက်ဆောင်ရွက်နိုင်ရေး၊ အိမ်ထောင်စုအလိုက် လူမရှိသူများ၊ ခရီးလွန်နေသူများစာရင်းနှင့်ခရီးမှ ပြန်လည်ရောက်ရှိလာသူများအား မှတ်တမ်းထားပေးပို့ပေးနိုင်ရေးနှင့် အသက် (၇၅) အထက်စာရင်းများ တိုက်ဆိုင်စိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)