ကျွန်းလှ နိုဝင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ကလေးငယ်များရောဂါကင်းစင်ပြီး ကျန်းမာဖွံ့ဖြိုးစေရန်အတွက် ယနေ့နံနက်ပိုင်းက ပုံမှန်တိုးချဲ့ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်ပေးလျက်ရှိသည်။
“မွေးစမှ အသက်နှစ်နှစ်အောက် ကလေးငယ်များကို လစဉ် လဆန်း (၁) ရက်ကစပြီး ပုံမှန် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးပါတယ်။ ကျွန်းလှမြို့နယ်အတွင်းရှိတဲ့ ကလေးငယ်များ ကို စုရပ်နှစ်ခုခွဲပြီး အသက်အပိုင်းအခြားအလိုက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားနဲ့အညီ စနစ်တကျ ထိုးနှံတိုက်ကျွေးပေးပါတယ်” ဟု မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ထို့အပြင် ကျွန်းလှမြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးများထိုးနှံပေးခြင်း၊ ကျန်းမာ ရေးစစ်ဆေးပေးခြင်း၊ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)