ဂန့်ဂေါမြို့တွင် (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကျင်းပ

ဂန့်ဂေါ အောက်တိုဘာ ၃၁

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ်အကြို အားကစား ပြိုင်ပွဲများကို အောက်တိုဘာ(၂၉)ရက်မှ (၃၀)ရက်နေ့အထိ ဂန့်ဂေါမြို့ ပြည်သူ့အားကစားကွင်းကြီးတွင် ကျင်းပပြုလုပ်ရာ ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်နှင့် တာဝန်ရှိသူများက ကြည့်ရှု့အားပေးခဲ့သည်။

အားကစားပြိုင်ပွဲများဖြစ်သည့် ဖူဆယ်ဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း(၄)သင်းဖြင့် အုပ်စုပတ်လည်စနစ်ဖြင့် လည်းကောင်း၊ ဘော်လီဘောပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း(၄)သင်းဖြင့် အုပ်စုပတ်လည် စနစ်ဖြင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။             (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အခမ်းအနားကို နိုဝင်ဘာလ (၇)ရက်နေ့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး နံနက်ပိုင်းတွင် မြို့ပေါ်ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော် အရှင်သူမြတ်များပင့်ဖိတ်၍ အာရုံဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငြိမ်းစားဝန်ထမ်းများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခြင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများအား အကျွေးအမွေးများဖြင့် ဧည့်ခံခြင်း၊ ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများနှင့် ဒိုင်အဖွဲ့ဝင်များအား ဂုဏ်ပြုလက်ဆောင်နှင့် ဆုများပေးအပ်ခြင်း၊ ဗလာမပါကံစမ်မဲများဖောက်ပေးခြင်းနှင့် ကာရာအိုကေသီဆို ဖျော်ဖြေခြင်းများဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မောင်မျိုးမင်း