ဂန့်ဂေါမြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် တတိယအကြိမ်မြောက် အာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်

ဂန့်ဂေါ အောက်တိုဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းနေအရွယ် ကလေးများအားလုံး အာဟာရပြည့်ဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်ကောင်းများ စွဲမြဲစွာကျင့်သုံးတတ်စေရန်ရည်ရွယ်၍ ဂန့်ဂေါမြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၁၁နာရီအချိန်က ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(မြောက်ကုန်း)တွင်  KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်း ကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် တတိယအကြိမ်မြောက် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးဝင်း နှင့် တာဝန်ရှိသူများက ကြည့်ရှု့အားပေးခဲ့ကြသည်။ထိုသို့ ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် တတိယအကြိမ်မြောက် ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းကို ယနေ့နံနက်ပိုင်းက ဂန့်ဂေါမြို့ပေါ်ရှိ အခြေခံပညာကျောင်း(၇)ကျောင်း၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၈)ကျောင်းနှင့် ကျောမြို့ရှိ အခြေခံပညာကျောင်း(၄) ကျောင်းစသည့် ကျောင်းပေါင်း (၁၉)ကျောင်းမှ KG ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၄၂၆)ဦးကို သက်ဆိုင်ရာကျောင်းအသီးသီးမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများဦးဆောင်၍ အတန်းမှူးများ၊ ဆရာ/ဆရာမများစုပေါင်း၍ နေ့လယ်စာ အာဟာရဖြစ်စေမည့် အစားအစာများကို ကျွေးမွေးခဲ့ကြသည်။                         

အဆိုပါ ကျောင်းကျန်းမာရေးသီတင်း ပတ်အဖြစ် KG ကျောင်းသား၊ ကျောင်းသူလေးများအား အာဟာရကျွေးမွေးရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးမှူး-၁ ဦးထွန်းဇော်လင်း ဦးဆောင်သည့်  ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ခံ မြို့နယ်ပညာရေးမှူး ဦးဟန်စိုးစိုးနှင့် ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ဆရာ/ဆရာမ များက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

မောင်မျိုးမင်း