သရက်မြို့၌ ပျားအုံများဖြင့် ဝတ်မှုန်ကူးခြင်း၏ အကျိုးရလဒ်များ ဟောပြောပွဲကျင်းပ

သရက် အောက်တိုဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲ မကွေးတိုင်းဒေသကြီး တာဝန်ခံရုံး၏နေကြာသီးနှံအား ပျားအုံများဖြင့် ဝတ်မှုံကူးခြင်း၏ အကျိုးရလဒ်များဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက စိုက်ပျိုးရေး ပညာပေးရေးနှင့် ဒေသ ဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင် ခရိုင်စီမံကိန်းဦးစီးမှူး ဦးသောင်းထိုက်က အဖွင့်အမှာစကားပြောကြားပေးပြီး တိုင်းဒေသကြီးတာဝန်ခံ ဦးမျိုးတင့်မှ နေကြာသီးနှံအား ပျားအုံများဖြင့် ဝတ်မှုံကူးခြင်း၏အကျိုးရလဒ်များအကြောင်းနှင့် ပျားလုပ်ငန်း ဌာန၏ရည်ရွယ်ချက်၊ မြန်မာနိုင်ငံရှိပျားမျိုးများ၊ ဝတ်ရည်စုပျားဖွဲ့စည်းပုံ၊ ပျားမွေးမြူနည်းများ အကြောင်းတို့ကို ပြောကြားပေးခဲ့သည်။

ထို့နောက်တက်ရောက်လာသူများက သိရှိလိုသည်များမေးမြန်းမှုအပေါ် တိုင်းဒေသကြီးတာဝန်ခံက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)