မော်လမြိုင်ကျွန်းမြို့နယ်၌ သုံးမွှာပူးမွေးဖွားသည့် မိခင်နှင့် ကလေးများအတွက် ပံ့ပိုးငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

မော်လမြိုင်ကျွန်း အောက်တိုဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ သုံးမွှာပူးမွေးဖွားသည့်မိခင်နှင့် ကလေးများအတွက် ပံ့ပိုးငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ပြုလုပ်ဆောင်ရွက်သည်။

ရှေးဦးစွာ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဖြူဖြူဝင်းက အဖွင့်အမှာစကားပြော ကြားခဲ့သည်။ ထို့နောက် သုံးမွှာပူးကလေးများနှင့် မိခင်တို့အတွက် ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဆရာဝန်ကြီး ဒေါက်တာစန်းဝင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနဦးစီးမှူး ဒေါ်သဇင်မတို့က ပံ့ပိုးငွေ (၅၀၀,၀၀၀) ကျပ်၊ ကလေးပစ္စည်းများ၊ ကလေးအားတိုးဆေးနှင့် လိုအပ်သည့်ဆေးဝါးများအား ပေးအပ်ခဲ့ပြီးနောက် ရာသက်ပန်အသင်းဝင်များအား ဂုဏ်ပြုလွှာကဒ်ပြား နှင့် ရင်ထိုးတံဆိပ်တို့ကို မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း အဖွဲ့ဝင် ဒေါ်မေဖူးအောင်နှင့် အသင်းဝင်များက လက်ခံရယူခဲ့ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)