ပုလော အောက်တိုဘာလ ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် မလိကျွန်းကျေးရွာအုပ်စု ဇရပ်ဆိပ်ကျေးရွာ၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ရှင်းလင်းပြသခြင်း၊ စက်ကိုင်ကွယ်အသုံးပြုနည်း အသိပညာပေးလက်တွေ့သရုပ်ပြကို ယနေ့ နံနက် (၈)နာရီက အ-ထ-က (မလိ) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပုလောမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးနေဝင်း အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးကျော်လွင်က မြန်မာ အီလက်ထရောနစ် မဲပေးစက် (MEVM)ဖြင့် အသုံးပြု၍ မဲပေးခြင်း ရည်ရွယ်ချက်၊ မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံနှင့် ပါဝင်သည့် ဆက်စပ်ပစ္စည်းများ၊ မဲပေးစက်များကို ကိုင်တွယ် အသုံးပြုခြင်း၊ စမ်းသပ်မဲပေးခြင်း၊ မဲရလဒ် ရေတွက်ပုံနှင့် နည်းဥပဒေပါအတိုင်း မဲရလာဒ် စာရင်းပြုစုပုံ များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေစမ်းသပ်မဲပေးခြင်းအခမ်းအနားသို့ အမှတ် (၄၈) ရေတပ်အခြေစိုက်စခန်းမှ စခန်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ဇော်ဦး နှင့် အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်နှင့် မိသားစုဝင်များ၊ ပုလောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ နှင့်အဖွဲ့ဝင်များ၊ မလိကျေးရွာအုပ်စုရွေးကောက်ပွဲအဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တပ်တွင်း/ မလိကျေးရွာအုပ်စုမှ မဲဆန္ဒရှင် ကျေးရွာသူ၊ ကျေးရွာသားများ စုစုပေါင်း ၄၂၁ ဦး တက်ရောက်ခဲ့ကြောင်းပြီး လက်တွေ့စမ်းသပ်မဲပေးခြင်းကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ပုလော(ပြန်/ဆက်)