စစ်ကိုင်း အောက်တိုဘာ ၃၀
စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ပညာရေး၊ ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်များ၏ သုတေသနစကားဝိုင်းဆွေးနွေးပွဲကို အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘက်စုံသုံးခန်းမတွင် ကျင်းပရာ ခေတ္တပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ် များ၊ ပါမောက္ခဌာနမှူများ တက်ရောက်ကြသည်။
စကားဝိုင်းဆွေးနွေးပွဲတွင် စစ်ကိုင်းပညာရေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်းက အဖွင့်အမှာစကားပြောကြာပြီး ပညာရေး၊ ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်များမှ ပါမောက္ခဌာနမှူးများက သုတေသနပြုစုထားသည့် စာတမ်းများအား အပြန်အလှန်ဆွေးနွေး ကြသည်။
ယခုကျင်းပပြုလုပ်သော ပညာရေး၊ ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်များ၏ သုတေသန စကားဝိုင်းဆွေးနွေးပွဲကို စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ၂ ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)