မင်းဘူး အောက်တိုဘာ ၃၀
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အခွန်အရပ်ရပ် လျာထားချက်များအပေါ် ပထမ (၆) လပတ်ကုန်အထိ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀နာရီက မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးလွင်က အမှာစကား ပြောကြားပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ခရိုင်စီမံကိန်းဦးစီးမှူး ဦးသန်းထွန်းမြတ်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အခွန်အရပ်ရပ်လျာထားချက်များအပေါ် အကောင်အထည်ဖော်ရေးဆောင်ရွက်ရာတွင် လယ်ယာကဏ္ဍကြီး(လယ်ယာ၊ သားငါး၊ သစ်တော)၊ စက်မှုကဏ္ဍကြီး(သတ္တု၊ စက်မှု၊ လျှပ်စစ်၊ ဆောက်လုပ်မှု)၊ ဝန်ဆောင်မှုကဏ္ဍကြီး(ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ငွေကြေး၊ လူမှုရေးနှင့်စီမံခန့်ခွဲရေး၊ ငှားရမ်းခနှင့် အခြားဝန်ဆောင်မှု) ကဏ္ဍကြီးသုံးခုအပေါ် အခြေခံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ အခွန်အရပ်ရပ် လျာထားချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မင်းဘူး၊ စလင်း၊ ပွင့်ဖြူ၊ ငဖဲ၊ စေတုတ္တရာမြို့နယ်များမှ သက်ဆိုင်ရာဌာနတာဝန်ရှိသူများက မိမိတို့၏ကဏ္ဍအလိုက် လျာထားချက်များပြည့်မီရန် ဆောင်ရွက်နေသည့် အခြေအနေများနှင့် ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအေးလွင်က ပေါင်းစပ်ညှိနှိုင်းဆွေးနွေးကာ ဘဏ္ဍာနှစ်အကုန်တွင် လျာထားချက်များပြည့်မီအောင် ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)