ဒေးဒရဲ အောက်တိုဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား ၂၀၂၅ ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ယနေ့နံနက်ပိုင်းက စတင်၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါထုတ်ချေးပေးရာတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်မြတ်သူဇာက ၂၀၂၅ ခုနှစ်ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေကို ကျေးရွာအုပ်စုအလိုက်ကြွေးဟောင်း၊ ကြွေးသစ်ပြေကျေသည့် တောင်သူများကို ထုတ်ချေးပေးသွားမည်ဖြစ်ရာ ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးမည့် တောင်သူများအား ချေးငွေထုတ်ချေးသည့် စာချုပ်ပါ စည်းကမ်းချက်များနှင့် သိရှိလိုက်နာရမည့် အချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅)အုပ်စုရှိ ဆောင်းစပါးစိုက်ပျိုးထုတ်လုပ်မည့် တောင်သူ(၁၁၃)ဦး၊ ဧက (၇၅၇)ဧကအား တစ်ဧကလျှင် ငွေကျပ် (၁၅၀၀၀၀)ကျပ်နှုန်းဖြင့် ချေးငွေကျပ် (၁၁၃၅၅၀၀၀)သိန်းအား တောင်သူများ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း