ဖောင်းပြင် အောက်တိုဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၌ မီးလောင်မှုမဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ စခန်းမှူး ဦးစောမျိုးထိုက်နှင့်အဖွဲ့သည် အောက်တိုဘာ ၂၇ ရက် နေ့လယ် ၁၂ နာရီအချိန်က မြို့မစည်ပင်သာယာဈေးတွင် မီးဘေးကြိုတင်ကကာကွယ်ရေး စစ်ဆေးမှုများ ပြုလုပ်သည်။
ထိုသို့ဆောင်ရွက်ရာ မီးလောင်မှုဖြစ်ပေါ်နိုင်သည့် လျှပ်စစ်မီးကြိုးများ၏ ကြံ့ခိုင်မှုအားစစ်ဆေးခြင်း၊ ဈေးဆိုင်တန်းများတွင် အစားအသောက်များရောင်းချသည့်ဆိုင်များအား မီးကြွင်းမီး ကျန်များကျန်ရှိ နေခြင်းရှိမရှိစစ်ဆေးကာ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက အရေးပေါ်မီးငြှိမ်း သတ်နိုင်ရေးမီးသတ်ဆေးဗူး၊ ရေစင်၊ ရေစုပ်စက်၊ ရေပိုက်သွယ်တန်း ထားရှိမှုအခြေအနေများနှင့် မီးချိတ်၊ မီးကပ် ပြုလုပ်ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို စစ်ဆေးသည်။
မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မီးလောင်မှုအများဆုံး ဖြစ်ပေါ်နိုင်သည့် ပွင့်လင်းရာသီတွင် မီးလောင်မှုများ မဖြစ်ပေါစေရေးအတွက် ဈေး၊ စက်ရုံ/ အလုပ်ရုံနှင့် မီးဘေးစိုးရိမ်ရသော နေရာများအား အသေးစိတ်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကာ ပြည်သူလူထုသို့မီးဘေး ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန၊ စခန်းမှူး ဦးစောမျိုးထိုက်ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)