ပွင့်ဖြူ ဒီဇင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေး သိပ္ပံကျောင်း Facility Quarantine Centre ရှိ အသွားအလာကန့်သတ် စောင့်ကြည့်ရသူများတွင် အမျိုးသားတစ်ဦး၌ ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိသူမှာ ဒီဇင်ဘာ ၂၁ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်မှ ပွင့်ဖြူမြို့နယ်သို့ ပြန်လည်ရောက်ရှိလာပြီး မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ စီစဉ်ထား ရှိသော မြို့နယ်စိုက်ပျိုးရေးသိပ္ပံကျောင်း Facility Quarantine Centre တွင် အသွားအလာကန့်သတ် နေထိုင်ခဲ့ကြောင်း ၊ ဒီဇင်ဘာ (၂၄)ရက်နေ့က မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင်၏ ကြီးကြပ် မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်း Facility Quarantine Centre များမှ အသွားအလာ ကန့်သတ် စောင့်ကြည့် ရသူ(၂၂)ဦးအား ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/မရှိ Swab နမူနာရယူ၍ ရန်ကုန်အမျိုးသား ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲမှုဌာန (NHL)သို့ ပေးပို့ စစ်ဆေးခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ရသူ(၁၄)ဦး၏ ဓာတ်ခွဲစစ်ဆေးချက် အဖြေများ ရရှိခဲ့ရာ ၎င်း အမျိုးသားတွင် ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး ကျန်သည့် အသွားအလာ ကန့်သတ် စောင့်ကြည့်ရသူ (၁၃)ဦးတွင် ကိုဗစ်ပိုး မတွေ့ရှိရ ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် ထံက သိရသည်။
အဆိုပါ ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသူမှာ ပွင့်ဖြူမြို့နယ် ဂတ်ကုန်းကျေးရွာတွင်နေထိုင်သူ အသက်(၁၇)နှစ် အရွယ် အမျိုးသား ဖြစ်ကြောင်း သိရပြီး ၎င်းပိုးတွေ့လူနာအား မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပွင့်ဖြူမြို့၊ သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းမှ ပရဟိတ အဖွဲ့က မြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်း Facility Quarantine Centre မှ ပွင့်ဖြူမြို့(အ.ထ.က)ကျောင်း ယာယီ သီးခြား လူနာကုသဆောင်သို့ မော်တော်ယာဉ်ဖြင့် ပို့ဆောင်၍ လိုအပ်သော ကျန်းမာရေးကုသမှုများ ပြုလုပ်ဆောင်ရွက်ပေးထား ကြောင်း မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံက သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယနေ့အထိ ကိုဗစ်ပိုးတွေ့လူနာ (၅၃))ဦး ရှိသွားပြီဖြစ်ပြီး ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံဆင်းခွင့် ရရှိသူ (၄၄)ဦး ရှိသွားပြီဖြစ်ကာ ယာယီသီးခြား လူနာကုသဆောင်တွင် ကိုဗစ် - ၁၉ ရောဂါပိုး တွေ့လူနာ(၉)ဦး ကျန်ရှိနေပြီး လက်ရှိတွင် ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာ စိုးစိုးနိုင် ထံက သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )