စစ်ကိုင်းမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်း အောက်တိုဘာ ၂၉

စစ်ကိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး ဦးဇော်မိုးမြင့်ကရွေးကောက်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများဖြစ်ကြသောပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင် ပါတီ၊ ပြည်သူ့ပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းနှင့်   တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူ)ပါတီများနှင့် ရပ်/ကျေးကော်မရှင်အဖွဲ့များ က ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အေးငြိမ်းစံ(ပြန်/ဆက်)