ငွေဆောင် အောက်တိုဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငွေဆောင်မြို့တွင် ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနရုံးနှင့် မြန်မာနိုင်ငံဆိုင်ရာဟိုတယ်လုပ်ငန်းရှင်များအသင်း(ငွေဆောင်ဇုန်)တို့ပူးပေါင်းဖွင့်လှစ်မည့် ဟိုတယ်ဆိုင်ရာအရေးပေါ်အခြေအနေတုံ့ပြန်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် ၁၀ နာရီက ယမုံနာဦးဟိုတယ် Ball Room ခန်းမတွင် ကျင်းပသည်။
အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာနညွှန်ကြားရေးမှူး၊ မြို့အုပ်ချုပ်ရေးမှူးနှင့်မြို့အဆင့်ဌာနဆိုင်ရာများ၊ ဟိုတယ်တာဝန်ခံများနှင့်မန်နေဂျာများ၊ သင်တန်းသားများ တက်ရောက်ခဲ့သည်။ အခမ်းအနား၌ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးအောင်သူဦးမှ အမှာစကားပြောကြားသည်။
အဆိုပါ သင်တန်းအား မီးသတ်ဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များက အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ ယမုံနာဦးဟိုတယ်တွင် လက်တွေ့သင်ကြား ပြသပေးသွားမည်ဖြစ်ပြီး ဟိုတယ်အသီးသီးမှ သင်တန်းသား(၃၄)ဦး တက်ရောက်ကြောင်း သိရသည်။
R – 014( ငွေဆောင်)