ကျောင်းကုန်းမြို့၌ ကော်ဖီပျိုးပင်စိုက်ပျိုးပွဲကျင်းပ

ကျောင်းကုန်း  အောက်တိုဘာ  ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ကျောင်းကုန်းမြို့ အမှတ်(၄)ရပ်ကွက် ဂွတ်ဘရားသားရုံးဝန်း၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော ကော်ဖီပျိုးပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီခန့်က ကျင်းပသည်။

အခမ်းအနားတွင် ကျုံပျော်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုဦးနှင့် စိုက်/တိုး/မြှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ၊ ဂွတ်ဘရားသားဝန်ထမ်းများက ကော်ဖီပျိုးပင် (၂၀၀)ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

အဆိုပါကော်ဖီပျိုးပင်များမှာ အရိပ်ရပြီးနေကာမည့်နေရာများတွင် စိုက်ပျိုးရမည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံ၏ သစ်တောဧရိယာ ဖုံးလွှမ်းမှုကို အထောက်အကူပြုကြောင်း၊ သဘာဝပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်မှုကို အကျိုးပြုစေကြောင်း၊ စက်မှုကုန်ကြမ်းသီးနှံဖြစ်ပြီးကုန်ချောအဆင့်ထုတ်လုပ်နိုင်ကာ နိုင်ငံခြားဝင်ငွေတိုးစေမည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)