နတ်မောက်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(နဝမအကြိမ်မြောက်)ပြန်လည်ထုတ်ချေး

နတ်မောက်  အောက်တိုဘာ၂၈

မကွေးတိုင်းဒေသကြီး မ‌‌ကွေးခရိုင် နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ(နဝမအကြိမ်)ပြန်လည်ထုတ်ချေးပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆီဆုံကုန်းကျေးရွာဘုန်း‌တော်ကြီးကျောင်းတွင် ကျင်းပသည်။

ထိုသို့ထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူးနှင့် ဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ ဆင်းရဲမှု လျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများ၊ အခြားမိသားစုဝင်ငွေတိုး လုပ်ငန်းများဆောင်ရွက်နိုင်စေရန်ဖြစ်ကြောင်း၊ အတိုးနှုန်းနှင့်ကာလသတ်မှတ်ချက်များ၊ချေး ငွေထုတ်ချေးရာတွင် လိုက်နာရမည့်စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက်ဆီဆုံကုန်းကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက  စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူသုံးဦးအားကျပ်၁ ဒသမ၉ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၇၂)ဦးအား ကျပ် ၄၅သန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ(၅)ဦးအားကျပ်၂ ဒသမ ၉သန်းနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်သူ(၅)ဦးအား ကျပ် ၂ဒသမ၇သန်း စုစုပေါင်း (၈၅)ဦး အတွက် ကျပ်(၅၂ဒသမ၅၀)သန်းကို အတိုးနှုန်းသက်သာစွာဖြင့်  ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

လှဝင်း